<<< ♥ ဘ၀ပုံရိပ်"♥ မှ နွေးထွေးစွာကြိုဆိုပါတယ်>>> ဘ၀ရဲ့ နေ့သစ်တိုင်းမှာ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ.. ဘ၀ပုံရိပ်ဆိုသည်မှာ မိမိ၏ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံတို့ကို ဆိုလိုပါသည်။ မိမိ၏ ဘ၀ပုံရိပ်က မိမိ၏ အသက်မွေးမှု ဘ၀လမ်းကြောင်းတွင် အခက်အခဲ အတားအဆီးဖြစ်နေစေပါသလား။ သို့ဆိုလျှင် ပီပြင်ကြည်လင် နှစ်လိုဖွယ်ရာကောင်းသော ပုံရိပ်ကို ဖော်ထုတ်ခြယ်မှုန်းခြင်း ဖြင့် ယင်းအခက်အခဲကို ကျော်လွှားနိုင်ပါသည်။ ထို့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားထား ( Self Respect) ပြုမှုနေထိုင်ရသည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားထား (Self-Confidence) ရသည်။ ကိုယ်တာဝန်ကိုယ် သိတတ်ကျေပွန် ( Self-Responsibility) ရသည်။ ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား (self-esteem) တတ်အောင် ပြုစုပျိုးထောင်းခြင်းပင်ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား မှုသည်မိမိကိုယ်ကို မိမိ တွေးမြင်ပုံ၊ သိရှိနားလည်ပုံတို့နှင့် အဓိက ဆက်စပ်နေပါသည်။ ကိုယ့်ကိုယ်ကို “ငါဘယ်သူလဲ၊ ဘာလဲ” အရှိအတိုင်း မြင်အောင်ကြည့်တတ်ရပါမည်။ ထိုသို့ ကြည့်ရှုရာမှ တွေ့ရှိရသော အမြင်အပေါ် အခြေပြုကာ မိမိ၏ပုံရိပ်ကို နှစ်လိုဖွယ်ရာ ကောင်းအောင် ပုံဖော်ရသည်။ ထိုကဲ့သို့ မိမိ၏ ပုံရိပ်ကို ဖော်ထုတ်ခြင်းမှာ မိမိ၏ ဘ၀ကြီးပွာရာကြီးပွားကြောင်း၊ မိမိကိုယ်ကို မိမိ ယုံကြည် အားထားမှု ရှင်သန်ရာ ရှင်သန်ကြောင်း မျိုးစေများချထားရာ ရောက်ပေသည်။ ထို့အပြင် မိမိကိုယ်ကို မိမိရှုမြင်သော မိမိ၏ အမြင်နှင့် ကိုယ့်အပေါ်မြင်နေကြသော ပတ်ဝန်းကျင်၏ အမြင်တို့အကြား သဟဇာတဖြစ်အောင် ဆက်စပ်ပေးရာ လည်းရောက်ပေသည်။ ပီပြင်နှစ်လိုဖွယ်ကောင်းသော ပုံရိပ်သည် အသက်မွေးမှုခရီးလမ်းတွင် အရာရာသော အောင်မြင်မှုများအတွက် အခြေခံအုတ်ဖြစ်ဖြစ်သည်။ ထို့အပြင် အမျိုးမျိုး အဖုံဖုံသော အခက်အခဲများအတားအဆီးများကို ဖြတ်ကျော်ရာတွင် ထိရောက်မှန်ကန်သော လမ်းကြောင်းပေါ်သို့ တင်ပေးနိုင်သည့် စွမ်းအားလည်းဖြစ်ပေသည်။
Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Sunday, January 1, 2012

လူချစ်နတ်ချစ်ပီယဆေး

                                               မေတ္တာလွှမ်းခြုံ ရန်မျိုးလုံ (လူချစ် နတ်ချစ်ပီယဆေး)
          ဘ၀ရဲ့ နေ့သစ်တိုင်းရဲ့ကာလတိုင်းမှာသာယာဖြောင့်ဖြူးနိုင်ဖို့အတွက်လူမျိုး၊ဘာသာ၊ဒေသ၊
ကာလမရွေးမေတ္တာနှလုံးသားနဲ့ ထုံမွှမ်းထားရမှာပါ။    တကယ်တော့ မေတ္တာစစ် မေတ္တာမှန်ရဲ့ သဘောဟာ အလျားအနံမရှိပေမယ့်အသွားအပြန်တော့ရှိနေတာအမှန်ပဲလေ။ အသွားအပြန်ရှိနေတဲ့ မေတ္တာနှလုံးသားကိုပိုင်ဆိုင်ဖို့ကြိုးစားရမှာပါ…။
သဗ္ဗေသတ္တာ= အလုံးစုံသော သတ္တ၀ါအားလုံးတို့သည်  
အဝေရာဟောန္တု= ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ
အဗျာပဇ္ဇာဟောန္တု= ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ 
အနီဃာဟောန္တု= ဆင်းရဲခပ်သိမ်းကင်းငြိမ်းကြပါစေ  
သုခီ အတ္တာနံ ပရိဟရန္တု ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ


  ပုဂ္ဂိုလ်သတ္တ၀ါအားလုံးတို့သည်…
ဘေးရန်ကြောင့်ကြ
ဆင်းရဲကင်းလျှက်
ကိုယ်စိတ်နှစ်ဖြာ
      ကျန်းမာချမ်းသာကြပါစေ……..

မေတ္တာအကျိုး (၁၁)မျိုး
၁။ ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်
၂။ ကိုယ်မှာဖောက်ပြန်မှုမရှိပဲ ချမ်းသာစွာ အိပ်ရာက နိုးထရတယ်
၃။ အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံမုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ရဘူး
၎။ လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်
၅။ မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်
၆။ မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားများသူကို စောင့်ရှောက်ကြတယ်
၇။ မေတ္တာဘာဝနာပွားများတဲ့သူကို မီး အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန်မကျရောက်နိုင်ဘူး
၈။ မေတ္တာဘာဝနာနဲ့ နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး သမာဓိဖြစ်လွယ်တယ်
၉။ မျက်နှာမှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်
၁၀။ အိပ်ပျော်သွားသလိုပဲ မတွေမဝေမပင်မပန်းပဲ သေလွန်ရတယ်
၁၁။ နိဗ္ဗာန်ကို မရောက်သေးသော်လည်း ယ္ခုလူ့ဘ၀က သေလွန်ပြီးနောက် အိပ်ပျော်ရာမှ နိုးထလာသလို ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ် ။

အထူးသဖြင့် မေတ္တာဘာဝနာပွားများနေတဲ့သူဟာ အသက်ရှင်နေရဆဲဘ၀မှာ လူချစ် နတ်ချစ်ပြီးသကာလ ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါတယ် ။

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုပြောင်းတဲ့ ကာလတစ်ခုကနေ ကိုယ်စီကိုယ်စီ ဘ၀တွေကို မေတ္တာပန်းတွေနဲ့ အလှပန်းဆင်ကာ သာယာကြည်နူး လိုရာဆန္ဒပြည့်နိုင်ကြပါစေ…
                                                   
                                                        တက္ကသိုလ် မျိုးလွင်