ဒီဇင်ဘာအလွမ်း
ဝေးကွာခြင်းရဲ့ မိုင်တွေခြားမှာ
ခဏ ခဏ ခရီးထွက်တတ်တဲ့
စိတ်ဓာတ်တစ်ချို့ကို
မြတ်နိုးသူထံ ပေးပို့ဖြစ်နေတယ် ။
ချမ်းစိမ့်စိမ့် ဒီဇင်ဘာညလယ်တွေရဲ့
ကာလတစ်ခုမှာ
အပြာရောင်ကောင်းကင်ယံက
ကြယ်တာရာများ
လင်းလက်နေတုန်းပဲလား ။
‘လိမ္မာအောင်နေနော်’ လို့
တဖွဖွမှာတတ်တဲ့
လေသံသဲ့သဲ့လေးကို
မမျှော်လင့်သော
အချိန်တိုအတွင်းမှာ
ကြားနိုင်ခွင့်မရှိတော့တာ
ပုံပြင်တစ်ပုဒ်များလား….
သံသယမရှိနိုင်တဲ့ လှုပ်ရှားမှုအားလုံးဟာ
အသက်ရှူနှုံးတွေ ရပ်တန့်သွားရလောက်အောင်
သေချာနေတယ် ။
သြော်…….ဘ၀ဇာတ်ခုံ…ဘ၀ဇာတ်ခုံ..လို့
သက်ပြင်းရှည်ရှည်တွေကို တွင်တွင်ချရုံကလွဲလို့
ကိုမျှော်လင့်တာတွေအားလုံး
ဖြစ်မလာနိုင်တော့ပါ ။
ပီပြင်စွာ က,ပြနိုင်လွန်းပေမယ့်
ဒါဟာ.. ဇာတ်လမ်းတစ်ပုဒ် မဟုတ်ဘူးလေ ။
အိမ်မက်တွေသာ ခဏ ခဏမက်နေရတယ်
ကောင်းကင်က အရောင်မပြောင်းဘူးလေ ။
ဝေးကွာခြင်းရဲ့ စည်းတစ်ဖက်မှာ
ဆုံဆည်းရာ ဆုံမှတ်တစ်ခုကို
မျှော်လင့်နေဆဲပါ ။
မြူနှင်းတွေ ဝေနေဆဲ December ညလယ်တွေရဲ့
အပြာရောင်ကောင်းကင်ဟာ
ဒီဇင်ဘာအလွမ်းအတွက်
စိတ်ငြိမ်ဆေးတစ်ခွက်
ဖြစ်ခဲ့လေရဲ့……..။
တက္ကသိုလ်မျိုးလွင်
25-Dec-2011
No comments:
Post a Comment