<<< ♥ ဘ၀ပုံရိပ်"♥ မှ နွေးထွေးစွာကြိုဆိုပါတယ်>>> ဘ၀ရဲ့ နေ့သစ်တိုင်းမှာ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ.. ဘ၀ပုံရိပ်ဆိုသည်မှာ မိမိ၏ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံတို့ကို ဆိုလိုပါသည်။ မိမိ၏ ဘ၀ပုံရိပ်က မိမိ၏ အသက်မွေးမှု ဘ၀လမ်းကြောင်းတွင် အခက်အခဲ အတားအဆီးဖြစ်နေစေပါသလား။ သို့ဆိုလျှင် ပီပြင်ကြည်လင် နှစ်လိုဖွယ်ရာကောင်းသော ပုံရိပ်ကို ဖော်ထုတ်ခြယ်မှုန်းခြင်း ဖြင့် ယင်းအခက်အခဲကို ကျော်လွှားနိုင်ပါသည်။ ထို့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားထား ( Self Respect) ပြုမှုနေထိုင်ရသည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားထား (Self-Confidence) ရသည်။ ကိုယ်တာဝန်ကိုယ် သိတတ်ကျေပွန် ( Self-Responsibility) ရသည်။ ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား (self-esteem) တတ်အောင် ပြုစုပျိုးထောင်းခြင်းပင်ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား မှုသည်မိမိကိုယ်ကို မိမိ တွေးမြင်ပုံ၊ သိရှိနားလည်ပုံတို့နှင့် အဓိက ဆက်စပ်နေပါသည်။ ကိုယ့်ကိုယ်ကို “ငါဘယ်သူလဲ၊ ဘာလဲ” အရှိအတိုင်း မြင်အောင်ကြည့်တတ်ရပါမည်။ ထိုသို့ ကြည့်ရှုရာမှ တွေ့ရှိရသော အမြင်အပေါ် အခြေပြုကာ မိမိ၏ပုံရိပ်ကို နှစ်လိုဖွယ်ရာ ကောင်းအောင် ပုံဖော်ရသည်။ ထိုကဲ့သို့ မိမိ၏ ပုံရိပ်ကို ဖော်ထုတ်ခြင်းမှာ မိမိ၏ ဘ၀ကြီးပွာရာကြီးပွားကြောင်း၊ မိမိကိုယ်ကို မိမိ ယုံကြည် အားထားမှု ရှင်သန်ရာ ရှင်သန်ကြောင်း မျိုးစေများချထားရာ ရောက်ပေသည်။ ထို့အပြင် မိမိကိုယ်ကို မိမိရှုမြင်သော မိမိ၏ အမြင်နှင့် ကိုယ့်အပေါ်မြင်နေကြသော ပတ်ဝန်းကျင်၏ အမြင်တို့အကြား သဟဇာတဖြစ်အောင် ဆက်စပ်ပေးရာ လည်းရောက်ပေသည်။ ပီပြင်နှစ်လိုဖွယ်ကောင်းသော ပုံရိပ်သည် အသက်မွေးမှုခရီးလမ်းတွင် အရာရာသော အောင်မြင်မှုများအတွက် အခြေခံအုတ်ဖြစ်ဖြစ်သည်။ ထို့အပြင် အမျိုးမျိုး အဖုံဖုံသော အခက်အခဲများအတားအဆီးများကို ဖြတ်ကျော်ရာတွင် ထိရောက်မှန်ကန်သော လမ်းကြောင်းပေါ်သို့ တင်ပေးနိုင်သည့် စွမ်းအားလည်းဖြစ်ပေသည်။

Wednesday, January 18, 2012

အဆုံးမရှိတဲ့ လမ်းစဉ်တစ်ခု

                                                               အဆုံးမရှိတဲ့လမ်းစဉ်တစ်ခု

ဒေါ်အောင်ဆန်းစုကြည် 
နှင့် 

virginia Tech University 
 
ကျောင်းသားတို့ တွေ့ဆုံမေးမြန်းခန်း

၁။ ကျွန်တော်တို့စပြီး မေးပါ့မယ်..
 ဒီနှစ်ထဲမှာစိတ်လှုပ်ရှားစရာကောင်းတဲ့ တော်လှန်ရေးအဖြစ်အပျက်တွေ  မြန်မာနိုင်ငံမှာ
ဖြစ်ပွားခဲ့ပါတယ်..။အန်တီလွတ်မြောက်လာတာရယ်၊ပါတီမှာ ပြန်ပါပြီးတော့ နိုင်ရေးလှုပ်ရှားလာနိုင်တာတွေရယ်ပေါ့။             အပြင်လူတစ်ယောက်အနေနဲ့ ကျွန်တော်သိချင်တာက ဘယ်လိုဖြစ်လို့၊ ဘာဖြစ်လို့ အခုမှ ဗြုန်းစားကြီး လွတ်လပ်ရေးအတွက် တံခါးဖွင့်ပေးကြတာလဲ? ဘာတွေများ ၂၀၁၁ မှာ ပြောင်းလဲသွားခဲ့လို့လဲ?       
     အမေစု ဖြေကြားချက်= ကျွန်မအထင်တော့ ဘာဖြစ်လို့ အခုမှလဲဆိုတာထက် ကျွန်မတို့ ၂၃ နှစ်တိုင်တိုင် ကြိုးစားခဲ့တဲ့ ရလဒ်လို့ မြင်ပါတယ်..။ ကျွန်မတို့ ကြိုးစားမှုတွေရဲ့ အသီးအပွင့်တွေပေါ့။ လူတွေက ဒီအဖြစ်အပျက်တွေဟာ ရုတ်တရက်ကြီး ဖြစ်ကြတယ်လို့ မြင်ကြတယ်။ တကယ်က အဲလို မဟုတ်ပါဘူး ဒါတွေဟာ ပထမဆုံးပွင့်လာကြတဲ့ အသီးအပွင့်တွေပါ၊ ဒီလိုဖြစ်လာဖို့ အချိန်ယူနေတာကြာပါပြီ၊ ကျွန်မအမြင်ကတော့ စောတယ်ဆိုတာထက် နောက်ကျနေတယ်လို့တောင် ပြောလို့ရပါတယ်..။
၂။   မင်္ဂလာပါ….မြန်မာဒီမိုကရေစီခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒီမိုကရေစီဆိုတာ အန်တီနဲ့ မြန်မာနိုင်ငံသားတွေအတွက် ဘယ်လို အဓိပ္ပါယ် သက်ရောက်ပါသလဲ?   ဒီမိုကရေစီဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကောင်းအတွက် လိုအပ်နေတဲ့ အပြောင်းအလဲဖြစ်ပါသလား? အမေစု ဖြေကြားချက်=  အလွယ်ဆုံးပြောရရင် ဒီမိုကရေစီဆိုတာ ကျွန်မနဲ့ကျွန်မနဲ့အတူ လှုပ်ရှားနေကြတဲ့သူတွေရဲ့ အမြင်မှာ လွတ်လပ်ရေးနဲ့ လုံခြုံရေးကြားမှာ ဟန်ချက်ညီထားချက်ပါ။ ကျွန်မတို့လွတ်လပ်ချင်ကြပါတယ်၊ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ လုံခြုံစိတ်ချချင်ပါတယ်။     ဒီမိုကရေစီဟာ အဲဒီနှစ်ခုလုံးကို ရနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပဲလို့ မြင်ပါတယ်။ အဲဒါကြောင့် ကျွန်မတို့ ဒီမိုကရေစီ လိုချင်ကြတာပါ. ကျွန်မတို့ လိုချင်တဲ့ ဘ၀မျိုးကို အာမခံပေးနိုင်လို့ပါ.။ အာမခံပေးမယ်ဆိုတာကလည်း  ကျွန်မတို့ ကိုယ်တိုင်ကလည်း အဆင်သင့်စောင့်နေမယ်ပြောတာ မဟုတ်ပါဘူး။ ကျွန်မတို့ ကိုယ်တိုင်ကလည်း ကြိုးစားသွားရမှာပါ။ ကျွန်မတို့လိုချင်တဲ့ဘ၀မျိုးကိုရအောင် ကြိုးစားသွားရမှာပါ..။ ကျွန်မတို့ လိုချင်တဲ့ ဘ၀မျိုးကိုရအောင် ကြိုးစားနိုင်ဖို့ အခွင့်အရေးတွေ ရလာလိမ့်မယ်လို့ ဆိုလိုတာပါ။ ကျွန်မတို့ ကြိုးစားနေကြတာက အဲဒါပဲ ။ 
၃။    မင်္ဂလာပါရှင်..ကျွန်မတို့နဲ့ စကားပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..။ အနောက်နိုင်ငံတွေရဲ့ ထောက်ပံ့မှု ကြီးထွားလာတာနဲ့ ပက်သက်ပြီး မြန်မာအစိုရရဲ့ သဘောတူညီချက်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ ? မြန်မာအစိုးရရဲ့ ပြုပြင်ဖွဲ့စည်းမှုတွေကို သဘောတူညီချက်ရယ်၊ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်ပြီး လွှတ်ပေးဖို့ရယ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ?
   အမေစု ဖြေကြားချက်= ပညာသားပါတဲ့ နိုင်ငံရပ်ခြားဆက်စပ်မှုတွေဟာ ကျွန်မတို့ကို အများကြီး အထောက်အကူပေးနိုင်ပါလိမ့်မယ်.။ ဘာလို့လဲဆိုတော့--  မြန်မာအစိုးရဟာ အမေရိကန်နိုင်ငံအပါအ၀င် အခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းရှိချင်ပါတယ်။  ကျွန်မအထင် အခုအချိန်ဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွက် သေချာစိစစ် ချိန်ကိုက်ပြီး ပါဝင်နိုင်ဖ၊ို့ ကျွန်မတို့ တိုးတက်မှုကို ကူညီနိုင်ဖို့ အချိန်ကောင်းပဲလို့ ထင်ပါတယ်။
                                                                                ဆက်လက်ဖော်ပြပါဦးမည်

No comments:

Post a Comment