<<< ♥ ဘ၀ပုံရိပ်"♥ မှ နွေးထွေးစွာကြိုဆိုပါတယ်>>> ဘ၀ရဲ့ နေ့သစ်တိုင်းမှာ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ.. ဘ၀ပုံရိပ်ဆိုသည်မှာ မိမိ၏ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံတို့ကို ဆိုလိုပါသည်။ မိမိ၏ ဘ၀ပုံရိပ်က မိမိ၏ အသက်မွေးမှု ဘ၀လမ်းကြောင်းတွင် အခက်အခဲ အတားအဆီးဖြစ်နေစေပါသလား။ သို့ဆိုလျှင် ပီပြင်ကြည်လင် နှစ်လိုဖွယ်ရာကောင်းသော ပုံရိပ်ကို ဖော်ထုတ်ခြယ်မှုန်းခြင်း ဖြင့် ယင်းအခက်အခဲကို ကျော်လွှားနိုင်ပါသည်။ ထို့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားထား ( Self Respect) ပြုမှုနေထိုင်ရသည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားထား (Self-Confidence) ရသည်။ ကိုယ်တာဝန်ကိုယ် သိတတ်ကျေပွန် ( Self-Responsibility) ရသည်။ ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား (self-esteem) တတ်အောင် ပြုစုပျိုးထောင်းခြင်းပင်ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား မှုသည်မိမိကိုယ်ကို မိမိ တွေးမြင်ပုံ၊ သိရှိနားလည်ပုံတို့နှင့် အဓိက ဆက်စပ်နေပါသည်။ ကိုယ့်ကိုယ်ကို “ငါဘယ်သူလဲ၊ ဘာလဲ” အရှိအတိုင်း မြင်အောင်ကြည့်တတ်ရပါမည်။ ထိုသို့ ကြည့်ရှုရာမှ တွေ့ရှိရသော အမြင်အပေါ် အခြေပြုကာ မိမိ၏ပုံရိပ်ကို နှစ်လိုဖွယ်ရာ ကောင်းအောင် ပုံဖော်ရသည်။ ထိုကဲ့သို့ မိမိ၏ ပုံရိပ်ကို ဖော်ထုတ်ခြင်းမှာ မိမိ၏ ဘ၀ကြီးပွာရာကြီးပွားကြောင်း၊ မိမိကိုယ်ကို မိမိ ယုံကြည် အားထားမှု ရှင်သန်ရာ ရှင်သန်ကြောင်း မျိုးစေများချထားရာ ရောက်ပေသည်။ ထို့အပြင် မိမိကိုယ်ကို မိမိရှုမြင်သော မိမိ၏ အမြင်နှင့် ကိုယ့်အပေါ်မြင်နေကြသော ပတ်ဝန်းကျင်၏ အမြင်တို့အကြား သဟဇာတဖြစ်အောင် ဆက်စပ်ပေးရာ လည်းရောက်ပေသည်။ ပီပြင်နှစ်လိုဖွယ်ကောင်းသော ပုံရိပ်သည် အသက်မွေးမှုခရီးလမ်းတွင် အရာရာသော အောင်မြင်မှုများအတွက် အခြေခံအုတ်ဖြစ်ဖြစ်သည်။ ထို့အပြင် အမျိုးမျိုး အဖုံဖုံသော အခက်အခဲများအတားအဆီးများကို ဖြတ်ကျော်ရာတွင် ထိရောက်မှန်ကန်သော လမ်းကြောင်းပေါ်သို့ တင်ပေးနိုင်သည့် စွမ်းအားလည်းဖြစ်ပေသည်။

Monday, January 30, 2012

အဆုံးမရှိသော လမ်းစဉ်တစ်ခု


၎။ မင်္ဂလာပါ…..ဟီလာရီကလင်တန်နဲ့ တွေ့ဆုံခဲ့တဲ့ ရည်ရွယ်ချက်ကို ပြောပြပေးနိုင်မလား? မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ဟာ နောက်ဆိုရင် ပိုပြီးကောင်းမွန်တဲ့ ဆက်ဆံရေးရလာလိမ့်မယ်လို့ ထင်ပါသလား?
          အမေစု ဖြေကြားချက်= အဲလိုပဲ မျှော်လင့်ပါတယ် ။ မြန်မာနိုင်ငံနဲ့အမေရိကန်နိုင်တို့ရဲ့ ဆက်ဆံရေးဟာ တစ်နေ့တစ်ခြား တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်၊ ဒါမှ အဲဒီလိုတွေ့ဆုံမှုမျိုးတွေ၊ ပြီးတော့ အခုလိုမျိုး တွေ့ဆုံမှုတွေ ပိုပြီးလုပ်လို့ရမှာ ဖြစ်နိုင်ရင် ဒီလိုဝါယာကြိုးတွေကနေ တစ်ဆင့်မဟုတ်ပဲ လူကိုယ်တိုင်ပေါ့။
          ၅။ မင်္ဂလာပါ…။ ကျွန်တော်မေးစရာတစ်ခုပဲ ရှိပါတယ်။ မြန်မာနိုင်မှာ အရေးယူမှုတွေ ရုတ်သိမ်းသွားအပြီးမှာ နိုင်ရပ်ခြားရင်နှီးမြုပ်နှံမှုတွေ ဘယ်လောက်မြန်မြန် ၀င်လာကြမလဲ?
          အမေစု ဖြေကြားချက်= အဲဒါက အရေးယူမှုတွေ တစ်ခုတည်းနဲ့တော့ မဆိုင်ဘူး၊ ကျွန်မစီးပွားရေးသမားအတော်များများနဲ့ ပြောဖြစ်ခဲ့ပါတယ်။ သူတို့လိုချင်တာက ရင်းနှီးမြုပ်နှံမှုတွေ သင့်လျော်ဖို့အတွက် ကောင်းမွန်တဲ့ မြန်မာနိုင်ငံတွင်း စီးပွားရေးအခြေအနေပါ။ အရေးယူမှုတွေ ရုတ်သိမ်းပေးတာအပြင် အခြားအရေးကြီးတဲ့ အချက်အလက်တွေလည်း ရှိပါသေးတယ်။ ဥပမာ-- ရင်းနှီးမြုပ်နှံရေး ဥပဒေကောင်းတွေ၊ ရင်းနှီးမြုပ်နှံသူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေမျိုးတွေပေါ့။ အဲဒီတော့ အရေးယူတာတွေ ရုတ်သိမ်းပေးတာအပြင် အခြားဟာတွေလည်း အရေးပါပါသေးတယ်။
          ၆။ စိတ်ပါဝင်စားတဲ့ နိုင်ငံရေးသမားတွေအတွက် ဘယ်စာအုပ်တွေကို ညွန်းချင်ပါသလဲ?
   အမေစု ဖြေကြားချက်= အဲဒါက ဘယ်လိုနိုင်ငံရေးမျိုးကို လိုက်ချင်သလဲဆိုတာပေါ်မူတည်မယ်ထင်တယ်။  
ဥပမာဆိုရင်--ကျွန်မပထမဆုံးဖတ်ဖြစ်တဲ့ နိုင်ငံရေးစာအုပ်က ၇ နှစ်ကြာတိုက်ပိတ်ပစ်ဒဏ်ခံခဲ့ရတဲ့သူ တစ်ယောက်အကြောင်းပါ။ တိုက်ဆိုင်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ကျွန်မရဲ့ နိုင်ငံရေးလမ်းကြောင်းမှာ ဖြစ်လာတဲ့ဟာတွေအတွက်တော့ ပြင်ဆင်ပေးသွားတာ အမှန်ပဲ။ ဒါပေမယ့် အဲဒီလိုက မင်းလိုက်ချင်တဲ့ နိုင်ငံရေးလမ်းကြောင်းအတွက် အထောက်အကူပေးချင်မှ ပေးမှာပေါ့။ အဲဒီတော့ မင်းရဲ့ဘေးပတ်ဝန်းကျင်က အကြောင်း၊ ဗဟုသုတတွေမျိုးစုံ များများသိထားတာက ဘယ်နိုင်ငံရေး ဘ၀မျိုးတွေ အတွက်မဆို အကောင်းဆုံးပြင်ဆင်မှုပါပဲ။
                                                                                                                                                                                  ဆက်လက်ဖော်ပြပါအုံးမည်


_________________________
I added cool smileys to this message... if you don't see them go to: http://s.exps.me

No comments:

Post a Comment